Tess Water သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၏ အနောက်ဘက် (၉) မိုင်အကွာအတွင် တည်ရှိသော ဖလမ်းတောင်မှ သဘောဝစိမ့်စမ်းရေကို ရေကျော်ဆည် တည်ဆောက်ပြီး ရေအရင်းအမြစ်ကို ရယူထားပါသည်။


ရေအရင်းအမြစ်မှ ရေကို ရေကျော်ဆည်မှ (၈) ကီလိုမီတာ အကွာတွင် တည်ဆောက်ထားသော ရေသန့်စင်စက်ရုံသို့ သဘာဝရေဖိအားဖြင့် စီးဆင်းစေသော စနစ်ကို အသုံးပြုပြီး ပို့ဆောင်ပါသည်။ ရောက်ရှိလာသော ရေကြမ်းကို ရယူစစ်ဆေးပြီး သတ်မှတ်ထားသော ရေအရည်အသွေးရရှိရန်အတွက် လိုအပ်သော ကလိုရင်း နှင့် ကျောက်ချဉ် တို့ကိုအချိုးအစားအလိုက် ရောစပ်အသုံးပြုပါသည်။ အနည်ချရန်အတွက် slow mixing စနစ်နှင့် sedimentation စနစ်တို့ကို အသုံးပြုပါသည်။ sedimentation စနစ်ပြုလုပ်ပြီးနောက် ရရှိလာသော အပေါ်ယံအရည်ကြည်ကို ရယူပြီး 7 layers filtration စနစ်ရှိသည့် ရေစစ်ကန်သို့ပို့ဆောင်ပါသည်။
ရေစစ်ကန်မှ ရရှိလာသော ရေကို ရေကြည်ကန်သို့မပို့မီ WHO နှင့် နိုင်ငံတကာရေပေးဝေရေးမှ သတ်မှတ် ထားသော အရည်အသွေးပြည့်မီသော ရေဖြစ်ရန်ထပ်မံ ဓာတ်ခွဲစမ်းသပ်ပါသည်။ အရည်အသွေးပြည့်မီသော ရေဖြစ်လာသောအခါ ရေကြည်ကန်သို့ ပို့ဆောင်သိုလှောင်ပြီး တာချီလိတ်မြို့ပြည်သူများ အသုံးပြုနိုင်ရန်အတွက် သဘာဝရေဖိအားဖြင့် ဖြန့်ဝေပေးပါသည်။


ယခုလက်ရှိအချိန်တွင် မြို့တွင်းရေထုတ်လုပ်ဖြန့်ဝေခြင်းများအတွက် ရေသိုလှောင်ကန်တွင် ၂၀၀၀ ကုဗမီတာသိုလှောင်နိုင်ပြီး နေ့စဉ် ရေ ၁၀,၀၀၀ ကုဗမီတာ ဖြန့်ဝေပေးနိုင်ပါသည်။နေ့စဉ် မိမိတို့ ရေသိုလှောင်ကန်မှ ထုတ်လွှတ်သော ရေ၏အရည်သွေးမှာ -
နောက်ကျိမှုပမာဏ (၅) NTU အောက်ရှိပါသည်။
PH အမှတ် (အချဉ်ဓာတ် – ဆားဓာတ်) မှာ ၆.၅ – ၈.၅ အတွင်းရှိပါသည်။
