
ရည်မှန်းချက်
နိုင်ငံတကာခေတ်မီနည်းပညာများကို အခြေပြု၍ တာချီလိတ်မြို့နေမြို့သူမြို့သားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဒေသဖွံ့ဖြိုးရေးတိုးတက်၊ သာယာလှပရေးအတွက်အခြေခံ လိုအပ်ချက်ဖြစ်သည့် သန့်ရှင်းသောရေကို သဘာဝရေအရင်းအမြစ်မှ သန့်စင်၍ဖြန့်ဖြူးကာ သုံးစွဲရန်ဖူလုံစေပြီး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်။
ရည်ရွယ်ချက်
၁။ သဘာဝရေအရင်းအမြစ်ကို သဘာဝစွမ်းအင်အခြေပြု၍ ခေတ်မီနည်းပညာဖြင့် သန့်စင်ထားသည့် သန့်ရှင်းသော ရေကိုထိရောက်လုံလောက်စွာ ဖြန့်ဝေရယူသုံးစွဲခြင်းဖြင့် တာချီလိတ်မြို့နေလူထု၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက် သာယာလှပရေးအတွက် အခြေခံအထောက်အကူပြုစေရန်။
၂။ တာချီလိတ်မြို့နေ ပြည်သူလူထုများ ရေနှင့်ပတ်သက်သည့် သောကကင်းဝေးပြီး လူနေမှုဘဝ ပျော်ရွှင်ချမ်းမြေ့ စေသောအနာဂတ်လုံခြုံမှုပိုင်ဆိုင်ရရှိစေရန်။
၃။ တာချီလိတ်မြို့ ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ပုဂ္ဂလိက လုပ်ကိုင်ခွင့်ရသည့် စီမံကိန်းဖြစ်သည်နှင့်အညီ ပထမဆုံးသော စံပြစီမံကိန်း (ဒီဇိုင်း) တိုင်းရင်းသား လူမျိုးစုတို့၏ တွဲလက်ညီသော စုစည်းမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို သမိုင်းမှတ်ကျောက်တင်စေရန်။
၄။ တာချီလိတ်မြို့ ရေပေးဝေဖြန့်ဖြူးရေးစီမံကိန်းသည် ဒေသနှင့်မြို့ပြစနစ်၊ မြို့ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအထောက်အကူပြုသောလုပ်ငန်းဖြစ်သည်နှင့်အညီ ဒေသခံမျိုးဆက်သစ်ပညာတတ်လူငယ်များ ဒေသခံလူထုများအလုပ်အကိုင် အခွင့်အလမ်း နှင့်ခေတ်မီနည်းပညာ ၊ အသိပညာ ၊ အတတ်ပညာ ဗဟုသုတများရရှိနိုင်စေရန်။
၅။ သဘာဝအရင်းအမြစ်ကို သဘာဝစွမ်းအင် အခြေပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း အကျိုးဖြစ်ထွန်းစေသည့် အပြင်သဘာဝသက်ရှိများနှင့် လူနေမှုဘဝ အေးချမ်းသာယာပြီးသဘာဝဂေဟစနစ် ထိန်းသိမ်းမှုကို အထောက်အကူပြုနိုင်စေရန်။
